မကွေး ၊ ဇန်န၀ါရီ ၂၄ ရက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ စီစဉ်ညွှန်ကြားချက်အရ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ 3H/3726 Nissan (၁၀)ဘီး မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၇ နာရီမှ ၉ နာရီ ၃၀ မိနစ်အချိန်ထိ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်၊ အမှတ် (၂)အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ၊ စုစုပေါင်း (၃၅၀)ဦးတို့အား လည်းကောင်း၊ နံနက် ၁၀ နာရီမှ ၁၂ နာရီ ၃၀မိနစ်အချိန်ထိ ပွင့်ဖြူမြို့နယ်၊ ရှောက်တောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/သူ၊ စုစုပေါင်း (၁၁၄၈)ဦး တို့အားလည်းကောင်း ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် တပ်ဖွဲ့ဝင်များမှ မှုခင်းကြိုတင်ကာကွယ် တားဆီးရေး၊ လူကုန်ကူးမှုပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများအား လှည့်လည်ပညာပေး ဟောပြောပြသ ခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment