မကွေး ၊ ဇန်န၀ါရီ ၂၆ ရက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ စီစဉ်ညွှန်ကြားချက်အရ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ 3H/3726 Nissan (၁၀)ဘီး မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၉ နာရီမှ ၁၀ နာရီ ၃၀ မိနစ်အချိန်ထိ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်း အမှတ် (၁) ရပ်ကွက်၊ သုံးပင်ထောင် ရပ် မင်းဘူး-ဆိပ်ဖြူကားလမ်းဘေးတွင် ပြည်စိုးကုန်း အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ/ဆရာမ ၊ ကျောင်းသား/ကျောင်းသူ၊ စုစုပေါင်း (၃၀၀)ဦးတို့အား လည်းကောင်း၊ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်မှ ၂ နာရီ ၃၀မိနစ် အချိန်ထိ စလင်းမြို့နယ်၊ သရက်ချဉ် ကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲဝန်းအတွင်း ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ၊ စိတ်ပါဝင်စားသူပြည်သူများ၊ စုစုပေါင်း (၂၅၀)ဦးတို့အား လည်းကောင်း ဆင်ဖြူကျွန်းနယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် မှုခင်းကြိုတင်ကာကွယ်တားဆီးရေး၊ လူကုန်ကူးမှု ပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများအား လှည့်လည် ပညာပေး ဟောပြောပြသခဲ့ကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment