၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၈ နာရီအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေး မြို့နယ်၊ မကွေးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ခိုးမှုကျော်ဇောသတင်းရှိသူ ပွင့်ဖြူ မြို့နယ်၊ ကုန်းဇောင်းကျေးရွာနေ မအိစုမွန်(၂၄) နှစ်သည် မကွေးမြို့၊ အောင်မေတ္တာ (ဘီ) ရပ်ကွက်ရှိ မ၀င်းဝင်းနွဲ့၏ နေအိမ်တွင် အလည်ရောက်ရှိနေကြောင်း သတင်းအရ သက်သေများနှင့်အတူ ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ခိုးမှုကျော်ဇောသတင်းရှိသူ ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းကျေးရွာနေ မအိစုမွန်(၂၄) နှစ်အား စစ်ဆေး ခဲ့ရာ ၎င်းသည် လွန်ခဲ့သော(၆)ရက်ခန့်က Coolpad အမျိုးအစား (ဆင်းကဒ်မပါ) ဟန်းဆက် အနက်ရောင် (၁)လုံးအား ၂၀၀၀၀ိ/- ဖြင့် မ၀င်းဝင်းနွဲ့ထံသို့ ရောင်းချခဲ့ကြောင်း စစ်ဆေးသိရှိရ၍ မ၀င်းဝင်းနွဲ့အား ခေါ်ယူ စစ်ဆေးခဲ့ရာ ၀ယ်ယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည့်အပြင် မအိစုမွန်မှ ၎င်းဟန်းဆက်နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်းခိုင်လုံစွာ ပြောပြနိုင်ခြင်းမရှိ၍ တစ်နေရာရာမှ ခိုးယူလာသည်မသင်္ကာသဖြင့် မအိစုမွန်အား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၃၀၂/ ၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment