အောင်လံ နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် ၊ အောင်လံမြို့ ၊ စက်ရုံရပ်ကွက် ၊ သဲအင်းဂူဓမ္မရိပ်သာအနီးတွင် ယမန်နေ့နေ့လည်(၂း၁၅)အချိန်ခန့်ကလူသတ်မှုတစ်ခုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ (၂၈) ရက်နေ့လည် (၂း၀၀) နာရီအချိန်ခန့်တွင်၊ အောင်လံမြို့၊ စက်ရုံရပ်ကွက် သဲအင်းဂူလမ်းတွင်နေထိုင်သူ ဒေါ်သန်းကြည် တစ်ဦးတည်းအိမ်၌ရှိနေစဉ် ချွေးမဖြစ်သူ၏အကိုတော်စပ်သူ သန်းဌေးရောက်လာပြီးသစ်ပင်ခုတ်ရန် အတွက်ဓါးငှားပါ ဟုပြောကာ ဒေါ်သန်းကြည်၏နေအိမ်ပေါ်သို့တက် ၍အိမ်ခြေရင်းထရံ အတွင်းထိုးထားသော ဓါးရှည်တစ်ချောင်းအားဆွဲယူပြီး အိမ်ပေါ်မှဆင်းသွားခဲ့ရာအိမ်ရှေ့ လမ်းမပေါ်အရောက်တွင် ဈေးရောင်းရာမှပြန်လာသော ဒေါ်သန်းကြည်၏ သားဖြစ် သူမျိုးမြင့် အသက် (၄၈)နှစ်(ဘ)ဦးဥာဏ်တင်နှင့်တွေ့၍ မျိုးမြင့်မှ ဒီဓါးတော့ယူမသွားပါနဲ့ဗျာ ဟုပြောလိုက်စဉ် သန်းဌေးမှ လက်ထဲတွင်ကိုင်ထားသောဓါးရှည်ဖြင့်လှမ်း၍ခုတ်လိုက်ရာ တစ်ချက်တည်းဖြင့်ပင် မျိုးမြင့်၏လည်ပင်းမှာ ပြတ်လုနီးပါးဒါဏ်ရာရရှိပြီးအခင်းဖြစ်ပွါးရာနေရာ၌ပင်လဲကျသေဆုံးသွားခဲ့သည်။
ဓါးဖြင့်ခုတ်သူတရားခံ သန်းဌေးအသက် (၅၀) နှုစ် (ဘ) ဦးသန်းအောင်မှအောင်လံမြို့နယ်ရေပေါ် ကြိုးဝိုင်းယူကလစ်စိုက်ခင်းတွင်နေထိုင်သူဖြစ်ပြီး တရားခံသန်းဌေးမှာ အခင်းဖြစ်ပွါးရာနေရာမှအသုံးပြုသော ဓါးနှင့်အတူ ထွက်ပြေးတိမ်းရှောင်နေသဖြင့် အောင်လံမြို့မရဲစခန်းမှ အမှုအမှတ်(ပ)၁၂၉၊/၂၀၁၄ ပြစ်မှုဆိုင် ရာဥအဒေပုဒ်၃၀၂အရ အမှုဖွင့်စုံစမ်းစစ်ဆေး၍ တရားခံအား ဖမ်းဆီးရမိနိုင်ရေးအတွက်ဆောင်ရွက်လျှက်ရှိ ကြောင်းသတင်းရရှိသည်။
အောင်လံပြန်/ဆက်
Saturday, November 29, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment