Saturday, November 29, 2014

ဆော နိုဝင်ဘာ ၂၇
    ကမ္ဘာ့ကလေးများနေ့နှင့် နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူ စာချုပ်နေ့အခမ်းအနားကို နိုဝင်ဘာ ၂၃ ရက်က ဂန့်ဂေါခရိုင် ဆောမြို့အခြေခံပညာအထက်တန်းကျောင်း သီဟသူရညိုအေးခန်းမတွင်ကျင်းပ၍ အဆိုပါနေ့အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီ စာကုံးပြိုင်ပွဲဆုများကို ချီးမြှင့်ပေးအပ်ကြသည်။
    အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမျိုးမျိုးအောင်က အမှာ စကားပြောကြားပြီး ဆောမြို့အထကကျောင်းအုပ်ဆရာကြီး ဦးကျော်လင်းက အခမ်းအနားကျင်းပခြင်းကိုရှင်း လင်း၍ ကူညီပံ့ပိုးကြသူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
    အဆိုပါအခမ်းအနားကို ပညာရေးဌာနနှင့် လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် SAVE THE CHILDREN အဖွဲ့တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများအား SAVE THE CHILDREN အဖွဲ့က အာဟာရကြက်သားဆန်ပြုတ် တိုက်ကျွေးကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်ဦးစီးဌာန၊ ဂန့်ဂေါမြို့။
ကျော်သန်းဆွေ

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video