၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ ည ၁၂ နာရီအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင် ၊ ရေနံချောင်းမြို့၊ သစ်တပွေရပ်ရှိ အိမ့်ကြာဖြူ ဘော်ဒါဆောင်နေ အဝေးသင် (တ)နှစ် ၊ ကျောင်းသား မောင်ကြည်ထွန်း(၂၁) နှစ်နှင့် တစ်ခန်းတည်းအတူနေ အတန်းတူ သူငယ်ချင်း မောင်ထွန်းလင်းအောင်(၂၀)နှစ်တို့နှစ်ဦးသည် အဆောင်တံခါးအားဖွင့်၍ အိပ်ပျော်နေစဉ် အိပ်ဆောင် အခန်းအတွင်း အားသွင်းထားသော မောင်ကြည်ထွန်း၏ ဆင်းကဒ် (၂)ခုပါ SANSUNG အနက်ရောင် ဟန်းဆက် (၁)လုံး ၊ ဆင်းကဒ်မပါ SANSUNG Tablet အဖြူရောင်ဟန်းဆက် ၁ လုံးနှင့် မောင်ထွန်းလင်းအောင်ပိုင်သည့် ဆင်းကဒ် (၂)ခုပါ HUAWEI အဖြူရောင် ဟန်းဆက်(၁)လုံး တို့ ပျောက်ဆုံးသွားကြောင်းကို နောက်တစ်နေ့ အိပ်ယာမှနိုးသည့်အခါမှ သိရသဖြင့် ဟန်းဆက်ခိုးယူသူ အား စုံစမ်းဖော်ထုတ်အရေးယူပေးရန် ၇.၁၀.၂၀၁၄ ရက်နေ့တွင် မောင်ကြည်ထွန်းမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ရေနံချောင်းမြို့နယ်၊ ညောင်လှနယ်မြေရဲစခန်း (ပ) ၇၅ /၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၈၀ အရ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အမှုမှ တရားခံများဖမ်းဆီးရရှိရေးအတွက် ရေနံချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး၏ အနီးကပ်လမ်းညွှန် မှုဖြင့် မောင်ကြည်ထွန်း၏ ဖုန်းအမှတ်၊ ၀၉၉၇xxxx အား ဖုန်းခေါ်ဆိုရရှိမှုမှတစ်ဆင့် တရားခံများအား စုံစမ်းခဲ့ရာ ရေနံချောင်းမြို့နယ်၊ ချမ်းသာကြီးရပ်ကွက်နေသူများဖြစ်သော နွေဦးမောင်(၂၁)နှစ်၊ စီကွေး (ခ) အောင်လင်း (၂၀) နှစ်နှင့် မျိုးကို(ခ)မျိုးကျော်ကျော် (၂၀) နှစ်တို့(၃)ဦးဖြစ်ကြောင်း သိရှိရ၍ အမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် အမှုမှတရားခံများအား ဆက်လက်စစ်ဆေးခဲ့ရာ ၎င်းတို့ ၃ ဦးသည် ရေနံချောင်းမြို့၊ သစ်တပွေရပ်ကွက်၊ ကုန်းမြင့်သာရပ်ရှိ မြင့်မိုရ်ဦးဘော်ဒါဆောင်အတွင်းမှ မတင်မေအောင် ပိုင်ဆိုင်သည့် Simgtech အမျိုးအစား(ဆင်းကဒ်ပါ)ဟန်းဆက်(၁)လုံး၊ မယမင်းသူ ပိုင်ဆိုင်သည့် HUAWEI အမျိုးအစား (ဆင်းကဒ်ပါ) ဟန်းဆက် (၁)လုံးနှင့် သစ်တပွေရပ်ကွက်၊ ကုန်းမြင့်သာရပ်ရှိ ရွှေဗဟိုဘော်ဒါဆောင်အတွင်းမှ မောင်ပြည့်ဖြိုးငြိမ်း ပိုင်ဆိုင်သည့် HUAWEI အမျိုးအစား ဟန်းဆက်(၁)လုံး၊ စုစုပေါင်း ဟန်းဆက် ၃ လုံးအား ခိုးယူထားကြောင်း ထပ်မံစစ်ဆေး ပေါ်ပေါက် သဖြင့် နွေဦးမောင်ပါ (၃)ဦးအား ညောင်လှနယ်မြေရဲစခန်း(ပ) ၈၉/၂၀၁၄၊ (ပ) ၉၀/၂၀၁၄ နှင့် (ပ) ၉၁/၂၀၁၄ တို့ဖြင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၀ အရ ထပ်မံအမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment