၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်း မြို့နယ်၊ ပေါင်းပင်ဇင်းရပ်ကွက်နေ မကြီး (၄၉) နှစ်သည် စလင်းမြို့ စည်ပင်သာယာဈေး အနောက်ဘက်ဈေး ဆိုင်တန်းတွင် ဆန်ရောင်းနေစဉ် အမည်မသိအမျိုးသားတစ်ဦးမှ ဆန်ဝယ်ရန် ပြောသဖြင့် ဆန်အိတ်များပြသ ခဲ့ရာ ထိုလူမှ ဆန်အိတ်များအား ကားဖြင့် လာရောက်သယ်ယူမည်ဟု ပြောကာပြန်သွားခဲ့ပြီးနောက် ဆန်အိတ်များလာရောက် သယ်ယူခြင်းမရှိ၍ ဆိုင်ခန်းပိတ်ရန် ပစ္စည်းများအားစစ်ဆေးရာ ကောင်တာဘေး၌ ချထားသော ငွေကျပ် သိန်း (၃၀) နှင့်၊ ယိုးဒယားဆွဲကြိုး (၁)ကုံး၊ MC ဆွဲကြိုး(၂)ကုံး၊ လက်စွပ်ပန်းခက်(၁)ခု ၊ ကျောက်မပါလက်စွပ်(၁) ကွင်း၊ တောင်ကြီးပုံ လက်စွပ်(၁)ကွင်း၊ ဒေါင်းရုပ်ဆွဲပြား (၁) ခု (ပစ္စည်း များနှင့်ငွေကျပ် စုစုပေါင်းတန်ဖိုး သိန်း (၄၀) ခန့်) တို့အားထည့်ထားသော ရတနာစိုး ရွှေဆိုင်တံဆိပ်ပါ ပိုက်ဆံအိတ် (၁) လုံး ပျောက်ဆုံးနေကြောင်း သိရသဖြင့် လိုက်လံစုံစမ်းရှာဖွေနေခဲ့ကြောင်း သတင်း ရရှိပါသည်။
ဆိုင်နီးချင်းဖြစ်သူ မမြင့်မြင့်သန်းနှင့် မမြမြလွင်တို့မှ အခင်းဖြစ်နေ့တွင်လာသည့် လူငယ်အမျိုးသား အား တွေ့မြင်ကြောင်းနှင့် ၎င်းမှာ စလင်းမြို့၊ ပုဆိုးဖြူရပ်နေ အောင်သူဟိန်း(ခ)ဘိုဟိန်း (၂၂) နှစ် ဖြစ်ကြောင်း ပြောပြသိရှိရ၍ အောင်သူဟိန်းအား အရေးယူပေးပါရန် ၂၈.၁၁.၂၀၁၄ ရက်နေ့တွင် မကြီး (၄၉)နှစ်မှ တရာလိုပြုလုပ်တိုင်တန်းသဖြင့် စလင်းမြို့နယ်၊ မြို့မရဲစခန်း(ပ)၁၀၅/၂၀၁၄၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment