မကွေး နိုဝင်ဘာ ၂၉
အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာပြည်ပ အလုပ်အကိုင် ၀န်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပသည့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲကို ယနေ့ နံနက်(၉း၀၀)နာရီအချိန်က မကွေးမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်တက်ရောက်ပြီး အမှာစကားပြောကြားရာတွင် ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းများပေါများလာ စေရေးနဲ့ အလုပ်လိုချင်သူ အလုပ်သမားနှင့် အလုပ်ရှင်များတစ်နေရာထဲတွင် တွေ့ဆုံပြီး အလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေအောင်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်လိုသူ အလုပ်သမားများအတွက်လည်း အာမခံရှိသည့် အေဂျင်စီများနှင့်သာ သွားရောက်အလုပ်လုပ်ကိုင်တတ်ကြစေ ရန်နှင့် တရားမ၀င်အေဂျင်စီများနဲ့ဆက်သွယ်မိပြီး သွားရောက်အလုပ်လုပ်ကိုင်ခြင်းများဖြစ်ပွားပါက လူကုန်ကူးခံရခြင်း၊ လုပ်ခများခေါင်းပုံဖြတ်ခံရခြင်းများကို ပြည်သူများမခံစားမိစေရန်အတွက် ယခု တရားဝင် အေဂျင်စီများအား မေးမြန်းစုံစမ်းပြီး လုပ်ကိုင်နိုင်ကြပါကြောင်း အလုပ်သမားဝန်ကြီးဌာနအနေဖြင့်လည်း အလုပ်သမားမှတ်ပုံတင်များကိုလည်း(Onestop service) ဖြင့် လုပ်ကိုင်ဆောင်ရွက်ပေးပြီး အလုပ်သမားနှင့် အလုပ်ရှင်များသဘောတူစာချုပ်များလည်း တစ်ရက်တည်းနဲ့အပြီး လုပ်ကိုင်ပေးမည်ဖြစ်ပါကြောင်းပြောကြားပါ သည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေက ကျေးဇူးတင်အမှာ စကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီးဟာ ဆီထွက်သီးနှံများနဲ့ စပါးကို အဓိကစိုက်ပျိုးသည့် ဒေသဖြစ် သည်နှင့်အညီ တောင်သူများဟာ ရာသီဥတုကိုမှီ၍ အလုပ်လုပ်ကိုင်နေရပါသဖြင့် လူငယ်လူရွယ်များဟာ အခြား အရပ်ဒေသများသို့ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိပါတယ်။ တရားဝင် နည်းလမ်းဖြင့်သာ သွားရောက်လုပ်ကိုင်သည့် အတွက် နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သည့် လူကုန်ကူး ခံရခြင်း၊ လုပ်ခခေါင်းပုံ ဖြတ်ခံရခြင်းများ မကြုံတွေ့နိုင်တော့သဖြင့် သွားရောက်အလုပ်လုပ်ကိုင်လိုသူများ အတွက် တရားဝင် အေဂျင်စီများနဲ့ တရားဝင်နည်းလမ်းများဖြင့်သာ သွားရောက် အလုပ်လုပ်ကိုင်နိုင်ရန်နှင့် ပြည်တွင်းတွင်သာ အလုပ်လုပ်ကိုင်ချင်သည့်သူများအတွက်လည်း (Onestop service) ဖြင့် လုပ်ကိုင် ဆောင်ရွက်ပေး သည့်အတွက် ပြည်ထောင်စုဝန်ကြီးအားကျေးဇူးတင်ရှိပါကြောင်းပြောကြားပါသည်။
ယင်းနောက် မြန်မာပြည်ပ အလုပ်အကိုင် ၀န်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် ဒုတိယဥက္ကဌက မကွေးတိုင်းဒေသကြီးအတွင်းရှိ အလုပ်အကိုင်အခွင့်အလမ်းရရှိလိုသည့်သူများအတွက် ယခု တရားဝင် အေဂျင်စီ(၂၈)ဖြင့် လာရောက်ပြပွဲလုပ်ဆောင်ခြင်းဖြစ်ပါကြောင်းပြောကြားပါသည်။
အဆိုပါအလုပ်အကိုင်အခွင့်အလမ်းပြပွဲသို့ မကွေးတိုင်းဒေသကြီးအတွင်းမှ အလုပ်ရရှိလိုသူ လူငယ်လူရွယ်များ စိတ်ပါဝင်စားစွာ လာရောက်မေးမြန်းနေမှုများအား အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။
နံနက်(၁၀း၀၀)နာရီအချိန်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီပံ့ပိုးရေးဗဟိုဌာန(MRC) ဖွင့်ပွဲကို မကွေးခရိုင်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တွင်ပြုလုပ်ရာ မြန်မာရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီပံ့ပိုးရေးဗဟိုဌာန(MRC)ဆိုင်းဘုတ်အား အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့် IOM Chief of Mission Mr.Kirean Gorman Bost တို့က စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပါသည်။
ယင်းနောက် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံမှာရှိတဲ့လူဦးရေစုစုပေါင်းရဲ့ ၅ရာခိုင်နှုန်းလောက်ဟာ ရွှေ့ပြောင်းလုပ်သားများ အဖြစ်နိုင်ငံအသီသီးမှာ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိပါကြောင်း တစ်နည်းအား ဖြင့်ပြောရမယ် ဆိုရင်တော့ ဒီရွှေ့ပြောင်းအလုပ်သမားများဟာ နိုင်ငံတစ်နိုင်ရဲ့ လုပ်အားသယံဇာတဖြစ်သလို မူရင်း နိုင်ငံနဲ့ လက်ခံတဲ့နိုင်ငံတွေရဲ့ စီးပွားရေး၊ လူမှုဖွံ့ဖြိုးတိုးတက်မှုအတွက် ပါဝင်ဆောင်ရွက်နေကြသူများ လည်း ဖြစ်ကြောင်းတွေ့ရှိရမှာဖြစ်ပါကြောင်း ဒီလို ရွှေ့ပြောင်းသွားလာလုပ်ကိုင်နေတဲ့ အလုပ်သမားများ အတွက်လိုအပ်လျက်ရှိတဲ့ဝန်ဆောင်မှုများပေးနိုင်ရန် မြန်မာရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီပံ့ပိုးရေး ဗဟိုဌာနကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်းပြောကြားပါသည်။
IOM Chief of Mission Mr.Kirean Gorman Bost မှ ယခုဆောက်လုပ်လှူဒါန်းသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီပံ့ပိုးရေးဗဟိုဌာန(MRC)ရုံးအား လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။
ဆက်လက်ပြီး IOM Chief of Mission Mr.Kirean Gorman Bost မှ မြန်မာရွှေ့ပြောင်းလုပ်သားများ အား ထောက်ပံ့ကူညီပံ့ပိုးရေးပစ္စည်းများကိုပေးအပ်ရာ မကွေးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်မိုးသီတာစိုးမှ လက်ခံရယူပါသည်။
ထို့နောက် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက်အလုပ်လုပ်ကိုင် ရင်း၂.၃.၂၀၁၄သေဆုံးခဲ့သူ ဦးမြင့်သိန်းထွန်းအတွက် အလုပ်သမားလျော်ကြေး ထောက်ပံ့ငွေ ကျပ်၁၄၀၁၆၀၀၀ိ/အား ကွယ်လွန်သူ၏ မိခင်အားပေးခဲ့ပါသည်။ ယင်းသို့ပေးအပ်နိုင်ခြင်းမှာ ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းလုပ်သားလျော်ကြေးမူအရ ၄င်းနိုင်ငံတွင်သာ ကာယကံရှင်သို့ တိုက်ရိုက်ပေးအပ်လေ့ရှိသော်လည်း မြန်မာနိုင်ငံ အလုပ်သမားသံအရာရှိတို့မှ ညှိနှိုင်းပေးမှုအရ ယခုကဲ့သို့ မြန်မာနိုင်ငံတွင် ပေးအပ်နိုင်ခဲ့ခြင်းဖြစ်ပါ သည်။ ယင်းသို့ တဆင့်ခံလျော်ကြေးထောက်ပံ့ငွေ ပေးအပ်ခြင်းမှာ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်ဖြစ် ကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment