၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၈ ရက်နေ့ တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်း ဖဲလောင်း ကစားမှုများ မကြာခဏပြုလုပ်နေကြောင်း လောင်းကစားကျော်ဇောသတင်းရှိသူ (၂)ဦး အား အရေးယူ ထားရှိကြောင်း သိရှိရပါသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ သံဘိုကြီးကျေးရွာအုပ်စု၊ သံဘိုကြီးကျေးရွာ နေသူ သန်းဌေး(၃၇) နှစ် နှင့် တင်လုံး(၃၂)နှစ်တို့ (၂) ဦးသည် ကျေးရွာနယ်မြေအတွင်း ဖဲလောင်းကစား မှုများ မကြာခဏပြုလုပ်နေကြောင်း ကျော်ဇောသတင်းရှိသည့်အတွက် မြိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦစီးဌာန၏ ၂.၁.၂၀၁၅ ရက်စွဲပါစာအမှတ် ၅/၄၃-၃၃ /ဦး ၆ အရ လောင်းကစား ကျော်ဇောဖြင့် အရေးယူရန် အကြောင်းကြားလာ၍ ၈.၁.၂၀၁၅ ရက်နေ့တွင် သန်းဌေး(၃၇) နှစ်အား မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေရဲစခန်း (ပ)၅/၂၀၁၅၊ လောင်းကစားပုဒ်မ ၂၁/ကျင့် ၁၁၀ အရ လည်းကောင်း၊ တင်လုံး(၃၂)နှစ်အား ဗဟင်းနယ်မြေရဲစခန်း(ပ)၆/၂၀၁၅၊ လောင်းကစားပုဒ်မ ၂၁/ကျင့် ၁၁၀ အရလည်းကောင်း အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment