Friday, January 9, 2015

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၈ ရက်နေ့ နံနက် (၁၁း၄၀)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ၊ အောင်လံမြို့နယ်၊ အောင်လံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ အောင်လံမြို့၊ ရွာထောင်ရပ်ကွက်၊ ဆာပါရပ်နေ မနွယ်နီဝင်း(၂၅)နှစ်၏ နေအိမ်ဈေးဆိုင်အား ၀င်ရောက်ရှာဖွေရာ မနွယ်နီဝင်းအား ဈေးဆိုင်တွင် တွေ့ရှိရပြီး ၄င်း၏ကိုယ်ပေါ်၌ ၀တ်ဆင်ထားသော အနွေးထည် အင်္ကျီ အိတ်ကပ်အတွင်းမှ နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြုသော စာရွက် စာတမ်းများနှင့် ငွေစက္ကူရောရာ ၁၅၀၀ိ/-တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် တရားမ၀င် နှစ်လုံးထီ လောင်းကစားပြုလုပ်သူ မနွယ်နီဝင်း အား အောင်လံမြို့နယ်၊ မြို့မရဲစခန်း(ပ) ၅/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။ 

အလားတူ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက်နေသူမမိုးသူဇာ (၂၁)နှစ်၏ MPW ကွမ်းယာဆိုင်တွင် လောင်းကစားပြုလုပ်နေကြောင်းသတင်းအရ နတ်မောက်မြို့မ ရဲစခန်းမှရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေရာမမိုးသူဇာ ထံမှ နှစ်လုံးထီ နှင့် ၊ ဘောလုံးလောင်းကစားပြုလုပ်ရာတွင် ရေးသားထားသည့် စာရွက်စာတမ်း များနှင့် လောင်းကြေး ငွေ စက္ကူရောရာ (၅၇၀၀ိ/-)တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် လောင်းကစားပြုလုပ်သူ မမိုးသူဇာ အား နတ်မောက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၃/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၂(က)/ ၁၅(က)/ ၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video