၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၈ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ထင်းတန်းကျေးရွာနေ ဒေါ်ကြည်စန်း(၅၃)နှစ်သည် နေအိမ်တွင်ရှိနေစဉ် မြေးဖြစ်သူ မ xxxx (၈)နှစ် သည် ကျောင်းတက်နေစဉ် ကျောင်းခန်းအတွင်း၌ ၄င်း၏ မိန်းမကိုယ်မှ သွေးများထွက်နေကြောင်း အတန်းပိုင်ဆရာမ ဒေါ်နန်းစိုးအောင်မှ လာရောက် ခေါ်သဖြင့် လိုက်လံသွားရောက်ကြည့်ရှုခဲ့သည်။
မြေးဖြစ်သူ၏ မိန်းမကိုယ်အောက်စပ် (၁) လက်မခွဲခန့်ကွဲ၍ သွေးထွက်နေကြောင်းတွေ့ရပြီး ရေစကြို မြို့နယ်ပြည်သူ့ဆေးရုံသို့ ဆေးကုရန်သွားရောက်စဉ် မြေးဖြစ်သူအား မေးမြန်းကြည့်ရာ ၇.၁.၂၀၁၅ ရက်နေ့ ည(၈)နာရီအချိန်ခန့်တွင် တစ်ရွာတည်းနေ ဦးလေးဖြစ်သူ အောင်နိုင်ဦး(၂၇)နှစ်မှ တောထဲသို့ ငှက်ထောင် သွားရန် ခေါ်သဖြင့်လိုက်သွားရာ ရွာ၏အနောက်ဘက်တောထဲသို့ အရောက်တွင် အတင်းအဓမ္မ သားမယားအဖြစ် ပြုကျင့်ခံရကြောင်း သိရသည်။

အလိုမတူဘဲ သားမယားပြုကျင့်သူ အောင်နိုင်ဦး (၂၇)နှစ်အား အရေးယူပေးရန် ၈.၁.၂၀၁၅ ရက်နေ့ ၁၈၃၀ အချိန် ဒေါ်ကြည်စန်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ရေစကြိုမြို့နယ်၊ မြို့မရဲစခန်း (ပ) ၆/၂၀၁၅ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။
0 comments:
Post a Comment