Thursday, January 8, 2015

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၇ ရက်နေ့ နေ့လည် (၁း ၄၅) အချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင် ၊ ရေစကြိုမြို့နယ်၊ နန်းဦးကျေးရွာနေ ဒေါ်လှမြိုင်(၇ဝ) နှစ်သည် ယခင်က ၄င်း၏ခင်ပွန်းဖြစ်သူ တစ်ရွာ တည်းနေ ဦးသောင်းညွန့် (၇၄) နှစ် ထံသို့သွားကာ ၄င်းတို့လင်မယား(၂)ဦးပိုင် မြေများခွဲဝေ ပေးရန် ၊ တောင်းဆိုခဲ့သည်။ 

ဦးသောင်းညွန့်မှ ခွဲဝေမပေးနိုင်ကြောင်းပြော၍ ရုတ်တရက်ဒေါသထွက်ပြီး ဒေါ်လှမြိုင်မှ အရိုးအသွား ၁ တောင်ခန့်၊ ဗျက်(၃)လက်မခန့်၊ ဝါးရိုးတပ်ထင်းခုတ်ဓါးမဖြင့်ခုတ်ခဲ့ရာ ဦးသောင်းညွန့်တွင် ယာပါး/ ဦးခေါင်းနောက်စေ့နှင့် ယာဂျိုစောင်းအောက်တို့တွင် ဖူးရောင်ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် ဦးသောင်းညွန့်၏ ဒုတိယ ဇနီးဖြစ်သူ တစ်ရွာတည်းနေ ဒေါ်ခင်မှီ(၅၅)နှစ်မှ တရားလိုပြုလုပ် တိုင်တန်း သဖြင့် ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေရဲစခန်း(ပ)၅/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video