၈.၁.၂၀၁၅ ရက်နေ့ညနေ (၃)နာရီခွဲအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံ မြို့၊ အောင်လံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ရုံးဆိပ်ကျေးရွာအနီး ဧရာဝတီမြစ်အတွင်း လူ တစ်ဦး ရေနစ်သေဆုံးကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ နေ့လည် ၁၂ နာရီ အချိန်ခန့်က ရုံးဆိပ်ကျေးရွာနေသူ သန်းစိုး၊ ၃၆နှစ်၊ (ဖ)ဦးလှငွေ သည် ရုံးဆိပ်ကျေးရွာအနောက်ဘက် ကိုက်(၂၀၀)ခန့်အကွာရှိ ဧရာဝတီမြစ်အတွင်း ပိုက်ကွန်ဖြင့် ငါးဖမ်း ရန် ထွက်ခွာသွားခဲ့ကြောင်း၊ နာရီဝက်ခန့်အကြာ တစ်ရွာတည်းနေ ကိုလှဌေးနှင့် ကိုကျော်သန်းဝင်း တို့ မြစ်ရေချိုးရန်သွားရာ ကမ်းစပ်နှင့် ၀ါးတစ်ပြန်ခန့် အကွာရှိဝဲအတွင်း၌ လူတစ်ဦးရေနစ် နေသည်ကိုတွေ့ ရှိ၍ ဆယ်ယူပြီး အလောင်းအား ကြည့်သောအခါ သန်းစိုးဖြစ်နေ သည်ကို တွေ့ရှိ ရဖြင့် ၄င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန်အတွက် အောင်လံမြို့နယ်၊ အောင်လံမြို့မ ရဲစခန်းသေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၅)ဖြင့် ရေးဖွင့်ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment