Monday, November 16, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် 
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ စလေနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် နိုဝင်ဘာလ ၁၅ ရက်နေ့ ည (၁၁)နာရီအချိန်ခန့် ချောက်မြို့နယ်၊ စလေ-ပခန်းငယ်သွား ကားလမ်း မိုင်တိုင်အမှတ် (၁/၄ နှင့် ၁/၅)ကြား လက်ပံကျွန်း ရွာအနီးတွင် ဆိုင်ကယ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ၄င်းလမ်းအတိုင်း စလေဘက်မှ ပခန်းငယ် ဘက်သို့ ချောက်မြို့နယ်၊ ချောင်းပိုက် ကျေးရွာနေသူ မိုးညွန့် (၄၃)နှစ် မောင်းနှင်သော ၁၉ယ/xxxxx SHANYAN 110 အနက်ရောင် ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ လဲကျတိမ်းမှောက် ခဲ့၍ မိုးညွန့်တွင် အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆိုင်ကယ် အရှိန်ပြင်းစွာ မဆင်မခြင် မောင်းနှင်သူ မိုးညွန့်အား ချောက်မြို့နယ်၊ စလေနယ်မြေရဲစခန်း ယာဉ်(ပ)၁၀/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video