Sunday, November 15, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက် 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ၁၄.၁၁.၂ဝ၁၅ ရက်နေ့ ညနေ (၃း၄၅) အချိန်ခန့်တွင် မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်၊ စည်ပင်ဈေးကြီးအတွင်း လိုင်စင်မရှိဘဲ ဗွီစီဒီ၊ စီဒီခွေများ ရောင်းချနေကြောင်း သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက် ရှာဖွေရာ မင်းဘူးမြို့၊ အမှတ်(၄)ရပ်ကွက်နေ မဝင်းဝင်းသန်း(၂ဝ)နှစ်သည် ပျံကျဈေးတန်းတွင် တရားမဝင် လိုင်စင်မဲ့ မြန်မာ သီချင်းခွေ ၅၂ ခွေ၊ နိုင်ငံခြားဇာတ်လမ်းခွေ ၁၃၅ ခွေ၊ စုစုပေါင်း ၁၈၇ ခွေ၊ စုစုပေါင်းတန်ဘိုး ၅၆,၁ဝဝိ/- အားသိမ်းဆည်းရမိသဖြင့် မဝင်းဝင်းသန်းအား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း(ပ)၁၃ဝ/ ၂ဝ၁၅၊ ရုပ်မြင် သံကြားနှင့်ဗီဒီယိုဥပဒေပုဒ်မ ၃၂(ခ) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။ 



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video