၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ အောင်မေတ္တာ(က)ရပ်ကွက်၊ ၁၆ လမ်းရှိ ''ဧရာဝတီ'' စားသောက်ဆိုင်တွင် ၁၄.၁၁.၂ဝ၁၅ ရက်နေ့ ည (၉) နာရီအချိန်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်း အရ မကွေးခရိုင်အုပ်ချုပ်ရေးမှူး၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ် မီးသတ်ဦးစီးမှူးနှင့် မကွေးနယ်မြေရဲစခန်းမှူး ရဲအုပ် သိန်းလွင်တို့ အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ဧရာဝတီ စားသောက်ဆိုင်ဝန်းအတွင်း အရှေ့ဘက်ရှိ အလျား ၈ဝ ပေ၊ အနံ ၄ဝ ပေ၊ အမြင့် ၁၅ ပေ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း၊ RC တစ်ထပ်အုတ်တိုက် DJ ခန်းမအတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်သူ/သားများမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် ည (၉း၂၀) အချိန် မီးငြိမ်းသွားခဲ့ကာ မီးလောင်မှုကြောင့် အခန်းအတွင်းရှိ ကီးဘုတ်(၁)လုံး၊ Sound Box(၄)လုံး၊ တီဗွီ(၁)လုံး ၊ လေအေးပေးစက်(၄)လုံး၊ အခြားအခန်းအတွင်းရှိ ပစ္စည်းများ၊ ခန်းမပတ်လည် ကာရံထားသည့် ဖော့များ မီးလောင်ကျွမ်းခဲ့ရာ ကျပ်သိန်း (၃ဝ)ခန့် ဆုံးရှုံးခဲ့ပြီး DJ ခန်းမအတွင်းရှိနေသည့် အောင်မေတ္တာ (က) ရပ် ကွက်နေ ကီးဘုတ်ဆရာ ကာကာ(ခ) အောင်မြင့်၊ ၄ဝ နှစ်မှာ အခန်းအတွင်းပိတ်မိပြီး မီးခိုးများ ရှုရှိုက်မိကာ မွန်းကြပ် သေဆုံးသွားခဲ့သဖြင့် မီးအားပေါ့ဆစွာသုံးစွဲသူ ရွာသစ်ပွဲကြိုရပ်ကွက်နေ ''ဧရာဝတီ''စားသောက် ဆိုင် မန်နေဂျာ ဦးသန်းဇော် (၄၅) နှစ်အား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း(ပ)၂၈၈/၂ဝ၁၅ ၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၂၈၅/၃ဝ၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment