Sunday, November 15, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက် 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ဆူးပုတ်ခုံကျေးရွာအနီး၊ မိုးကောင်းတောင်ပေါ် တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပေါက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးရာ ဆူးပုတ်ခုံကျေးရွာအနီး မိုးကောင်းတောင်ရိုးပေါ် ပေါက်-ထီးလင်းကားလမ်း မိုင်တိုင် အမှတ် ၅၂/ဝ အကြားတွင် ၁၄.၁၁.၂ဝ၁၅ ရက်နေ့ ညနေ (၅) နာရီခွဲ အချိန်ခန့်တွင် ပွင့်ဖြူမြို့နယ်၊ ဆယ်တောကျေးရွာလမ်းပိုင်းမှ မြိုင်-တောမ အာဆီယံ လမ်းမိုင်တိုင် အမှတ် ၄၂/၃ သို့ လမ်းပိုင်းကြီးကြပ်ရန် သွားသော လမ်းအထူးအဖွဲ့(၁၂)မှ တာဝန်ပေးထားသည့် မကွေးမြို့နယ်၊ လျော်တောကျေးရွာနေ ယာဉ်မောင်း ဆန်းလွင်(၄၁)နှစ် မောင်းနှင်သည့် 9A/xxx ၊ PAJERO ခဲရောင် မော်တော်ယာဉ် သည် ညောင်ကိုင်းကျေးရွာမှ ပေါက်မြို့ဘက်သို့ ပေါက်မြို့နယ်၊ ညောင်ကိုင်းကျေးရွာနေ မျိုးလွင် (၂၅) နှစ်မောင်းနှင်ပြီး နောက်တွင် ပေါက်မြို့နယ်၊ ညောင်ဝန်းရွာနေ မောင်နေရှိုင်း(၂၆)နှစ် လိုက်ပါ လာသော P.44W/xxx၊ KENBO-125 နီနက်ကြားရောင်ဆိုင်ကယ်အား တစ်ဘက်ယာဉ်ကြောအတွင်း မျက်နှာချင်းဆိုင်ဝင်ရောက်တိုက်မိ၍ မျိုးလွင်တွင် ဝဲ/ယာခြေသလုံး ရိုးပေါက်ပြဲ၊ အပေါ်နှုတ်ခမ်းဖူးရောင်၊ ဦးခေါင်းငယ်ထိပ်ပေါက်ပြဲဒဏ်ရာနှင့် မောင်နေရှိုင်းတွင် ယာဘက်ဝှေးစေ့ပေါက်ပြဲ၊ ဝဲပေါင်ဖူးရောင် ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ယာဉ်မဆင် မခြင်မောင်းနှင်သူ ဆန်းလွင်အား ပေါက်မြို့နယ်၊ မြို့မရဲစခန်း ယာဉ် (ပ)၁၇/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video