Saturday, November 14, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် 
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၃ ရက်နေ့ ည (၁၁)နာရီအချိန်ခန့်တွင် သက်သေများနှင့်အတူ နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် အောင်လံမြို့၊ စမ်းချောင်းရပ်ကွက်၊ ရိုးမဘဏ်လမ်း၌ အမျိုးသား(၃)ဦးမှ ၄၂ယ/xxxxx JLM Wave 110 အနီရောင် ဆိုင်ကယ်(၁)စီး တွန်းလာသည်ကို မသင်္ကာဖွယ် တွေ့ရှိရ၍စစ်မေးရာ အောင်လံမြို့၊ စက်ရုံရပ်ကွက်နေသူ များ ဖြစ်ကြသော သိန်းစိုး (၃၆)နှစ် ၊ ငရဲ(ခ)ရဲကို (၂၄)နှစ် နှင့် ဇင်မင်းထွေး (၂၈)နှစ်တို့ ဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့ တွန်းလာသော ဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံ တစ်ရာ ပြောဆိုပြသနိုင်ခြင်း မရှိသဖြင့် အဆောက်အဦတစ်ခုခု အတွင်းမှ ခိုးယူလာသည်ဟုမသင်္ကာ၍ သိန်းစိုး ပါ(၃)ဦးအား အောင်လံမြို့နယ်၊ မြို့မရဲစခန်း (ပ)၂၄၆/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video