Saturday, November 14, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ ပခုက္ကူယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များ သည် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ (၄)နာရီ (၄၅)မိနစ် အချိန်ခန့် ပခုက္ကူမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့မလမ်း၊ ရွှေချောင်း တံတားအနီးတွင် အမျိုးသမီးတစ်ဦး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျဒဏ်ရာရရှိ ကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ ပခုက္ကူမြို့၊ မြို့မလမ်းအတိုင်း အမှတ်(၁၁) ရပ်ကွက် ဘက်မှ အမှတ်(၂) ရပ်ကွက် ဘက်သို့ အမှတ်(၁၁) ရပ်ကွက်နေသူ မတင်မိုးခိုင် (၃၁)နှစ် မောင်းနှင်ပြီး နောက်မှ မိခင်ဖြစ်သူ ဒေါ်သန်းရွှေ (၆၈)နှစ် လိုက်ပါလာသော ၄၁ယ/xxxxx HONLEI 125 နက်ပြာရောင် ဆိုင်ကယ် သည် လမ်း၏၀ဲဘက်ခြမ်းသို့ ချိုးကွေ့စဉ် နောက်မှ ထိုင်စီးသူ ဒေါ်သန်းရွှေ မှာ ပြုတ်ကျပြီး အပြင်းအထန် ဒဏ်ရာရရှိခဲ့သဖြင့် ဆိုင်ကယ် မဆင်မခြင်မောင်းနှင်သူ မတင်မိုးခိုင် အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၁၈၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video