Saturday, November 14, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် နိုဝင်ဘာလ ၁၂ ရက်နေ့ ည (၉)နာရီ (၂၀)မိနစ်အချိန်ခန့်တွင် လယ်ကိုင်း-ကျောင်းတော်ရာ သွားကားလမ်း မိုင်တိုင်အမှတ် ၁/၀ နှင့် ၁/၁ အကြားတွင် ဆိုင်ကယ် တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ ၄င်းလမ်းအတိုင်း လယ်ကိုင်းရွာ ဘက်မှ ကျောင်းတော်ရာ ကျေးရွာ ဘက်သို့ လယ်ကိုင်းကျေးရွာနေသူ မျိုးကိုဦး (၂၅)နှစ် မောင်းနှင်သော ၄၅ယ/xxxx Followme 125 ဖြူပြာ ကြားရောင် ဆိုင်ကယ်မှာ အရှိန်မထိန်းနိုင်ဘဲ လဲကျပြီး မျိုးကိုဦးတွင် အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့သဖြင့် မကွေးတိုင်း ဆေးရုံကြီးသို့ လွှဲပြောင်းပို့အပ် ကုသမှုခံယူစဉ် ၁၃.၁၁.၂၀၁၅ ရက်နေ့ နံနက် (၅)နာရီအချိန် တွင် ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွား၍ ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ မျိုးကိုဦးအား ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းနယ်မြေရဲစခန်း ယာဉ်(ပ) ၉/ ၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video