၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ (၅)နာရီခွဲ အချိန်ခန့်တွင် သတင်းအရ သက်သေများနှင့်အတူ မကွေးမြို့၊ ရန်နိုင် ရပ်ကွက်နေ ဦးမင်းစိန် (၅၃)နှစ် ၏ ``ကြည်ဖြူသျှင်´´ အခွေငှားဆိုင်အတွင်း ၀င်ရောက်ရှာဖွေရာ ဆင်ဆာမဲ့ မြန်မာ ဇာတ်ကားမျိုးစုံ ဗွီစီဒီခွေ (၇၆)ခွေ၊ တန်ဖိုး(၂၆၆၀၀ိ/-)အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် ဆင်ဆာမဲ့ ဗွီဒီယိုခွေများ ဖြန့်ချီငှားရမ်းသူ မင်းစိန်အား မကွေးမြို့နယ်၊ မကွေးနယ်မြေ ရဲစခန်း (ပ)၂၈၆/၂၀၁၅၊ ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေပုဒ်မ ၃၂(ခ) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment