၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် (၁၁)နာရီအချိန်ခန့်တွင် သတင်းအရ သက်သေများနှင့်အတူ မြို့နယ် ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် (၆၇/၂၀၁၅)ဖြင့် မကွေးမြို့နယ်၊ ဆားတိုင်ကန် ကျေး ရွာနေ ဒေါ်မာကြည် (၅၃)နှစ်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ဒေါ်မာကြည် အား နှစ်လုံးထီ လောင်း ကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ လောင်းကြေး ငွေစက္ကူ ရောရာ ၁၇၁၀၀ိ/- တို့နှင့် အတူ တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် တရားမ၀င် နှစ်လုံး/သုံးလုံးထီ လောင်းကစား ပြုလုပ်သူ ဒေါ်မာကြည် အား မကွေးမြို့နယ်၊ မကွေးနယ်မြေ ရဲစခန်း (ပ)၂၈၄/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။

အလားတူ မကွေးနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် (၁၁)နာရီ အချိန်ခန့်တွင် သတင်းအရ သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်း အမှတ် (၆၈/၂၀၁၅)ဖြင့် မကွေးမြို့နယ်၊ ဆားတိုင်ကန် ကျေးရွာနေသူ ထွန်းမောင်(ခ) ထွန်းထွန်းမင်း ၏ နေအိမ်သို့ ၀င်ရောက် ရှာဖွေရာ ၎င်း၏ ဇနီးဖြစ်သူ မစန္ဒာဝင်း (၃၈)နှစ်အား နှစ်လုံးထီ လောင်းကစား ရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ စက္ကူရောရာ ၁၂၁၀၀၀ိ/- တို့နှင့်အတူ တွေ့ရှိ သိမ်းဆည်း ရမိခဲ့သဖြင့် တရားမ၀င် နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ မစန္ဒာဝင်းအား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၂၈၅/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment