Thursday, November 12, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက် 
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် (၁၀)နာရီအချိန်ခန့် နယ်မြေသတင်းစုံစမ်းနေစဉ် တောင်တွင်းကြီးမြို့၊ ဘူတာပတ်လမ်း အရောက်တွင် မသင်္ကာဖွယ် လူတစ်ဦးအား တွေ့ရှိစစ်မေးရာ တောင်တွင်းကြီး မြို့နယ်၊ သစ်စိမ့်ကုန်းကျေး ရွာနေသူ ဘိုစိုး(ခ) အေးကို(ခ) အောင်ကိုကို (၃၅)နှစ် ဖြစ်ကြောင်း သိရှိရပြီး ၎င်းသည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် (၁၀)နာရီခွဲ အချိန်ခန့်တွင် ကိုးပင်-သာစည် စိုက်ပျိုးရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းမှ ထွက်ပြေးလာသူ ဖြစ်ကြောင်းနှင့် ၎င်း၏ ထောင်ဝင် အမှတ်မှာ သရ/၁၂/၀၀၄၁၄/က ဖြစ်ပြီး တောင်တွင်းကြီး မြို့မရဲစခန်း (ပ)၃၈၀/၂၀၁၁၊ ပြစ်မှုပုဒ်မ ၃၀၂(၂) အမှုဖြင့် ထောင်(၁၀)နှစ်ကျခံရာမှ လွတ်ရက်မစေ့မီ ထွက်ပြေး လာသူ ရဲဘက်ပြေးတစ်ဦး ဖြစ်ကြောင်း သိရှိရသဖြင့် ဘိုစိုး(ခ) အေးကို(ခ) အောင်ကိုကိုအား တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း (ပ) ၄၃၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၂၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video