Thursday, November 12, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ သရက်မြို့မ ရဲခစန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ (၅)နာရီခွဲအချိန်ခန့်တွင် ဧရာဝတီမြစ် အတွင်းသို့ ရေစမ်းပဲ့ထောင် စက်လှေငယ်ပေါ်မှ လူတစ်ဦးပြုတ်ကျသေဆုံးကြောင်း သတင်းအရ သက်သေ များ နှင့်အတူ သွားရောက်စစ်ဆေးရာ သရက်မြို့နယ်၊ ကမ်းနီကျေးရွာအနီး ဧရာဝတီမြစ် အလယ်တွင် ဆင်ပေါင်ဝဲမြို့နယ်၊ ဇောင်ချမ်းတောင် ကျေးရွာဘက်မှ မြောင်းမြမြို့သို့ ကုန်ပစ္စည်းများ သွားရောက် တင်ဆောင်ရန် ဇောင်ချမ်းတောင် ကျေးရွာနေသူ ရေယာဉ်မှူးဦးမောင်ဌေး(၄၂)နှစ် မောင်းနှင်သော ရွှေပြည့်မင်း(၁) တွန်းသင်္ဘောမှာ ရေကြောင်းတိမ်၍ ကျောက်ချရပ်နားပြီး ဇောင်ချမ်းတောင် ကျေးရွာနေသူ သင်္ဘော လုပ်သား ရန်နောင်ဦး (၂၅)နှစ် မောင်းနှင်ပြီး ဝေလင်းအောင် (ခ)တင်းပုတ် လိုက်ပါလာသည့် အလျား (၄၀)ပေခန့်ရှိ တရုတ်နီ ဂျင်ဒေါင်း (၂၅)ကောင် အင်ဂျင်တပ် ရေစမ်း ပဲ့ထောင် စက်လှေငယ်ဖြင့် ရေစမ်း တိုင်းတာပြီး တွန်းသင်္ဘောသို့ ပြန်လည်ဆိုက်ကပ်စဉ် အရှိန်များပြီး ပဲ့ထောင်နှင့် တွန်းသင်္ဘောတို့ တိုက်မိ၍ ပဲ့ထောင် မောင်းနှင်သူ ရန်နောင်ဦးမှာ ရေစမ်းပဲ့ထောင် စက်လှေပေါ်မှ ဧရာဝတီမြစ်အတွင်းသို့ ပြုတ်ကျ ကာ မောင်းသူမဲ့သွားသည့် ပဲ့ထောင် စက်လှေ၏ ပန်ကာဒလက်ဖြင့် ထိခိုက်မိပြီး ရန်နောင်ဦးတွင် နားနှစ်ဖက် သွေးထွက်၊ ယာဘက်ခါး (၇)လက္မခန့် ပေါက်ပြဲ အူအခွေလိုက်ထွက်ကျ၊ ၀ဲခြေကျင်းဝတ် (၃)လက္မခန့် ပေါက်ပြဲ (အရိုးကျိုး) ဒဏ်ရာများ ရရှိပြီး သေဆုံးသွားသဖြင့် ရေယာဉ် မဆင်မခြင် မောင်းနှင်သူ ရန်နောင်ဦး အား သရက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၂၄၉/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၀/၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video