၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ မင်းဘူးမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ (၂)နာရီခွဲအချိန်ခန့်တွင် မင်းဘူးမြို့နယ်၊ ချောင်းကောက်ကျေးရွာ အနီး မင်းဘူး-မင်းလှ ကားလမ်း မိုင်တိုင်အမှတ် (၁၄/၄)အနီး ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်း အရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ မင်းဘူး-မင်းလှ ကားလမ်း အတိုင်း မင်းလှဘက်မှ မင်းဘူးဘက်သို့ မင်းဘူးမြို့နယ်၊ ကျွဲသိုးမြှောင်ရွာနေသူ ယာဉ်မောင်း တင်ထွန်းနိုင် (၂၅)နှစ် မောင်းနှင်သော 8K/xxxx အဖြူရောင် လိုက်ထရပ်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် ခဲ့သဖြင့် ယာဉ်ပေါ်ပါ ခရီးသည် (၁၀)ဦးအနက် ရေနံချောင်းမြို့၊ အေးကုန်းရပ်ကွက် နေသူ မမြသက်ခိုင် (၃၆)နှစ် အပါအ၀င် မ(၄)ဦးတို့တွင် မစိုးရိမ်ရဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ယာဉ်မဆင် မခြင်မောင်းနှင်သူ တင်ထွန်းနိုင်အား မင်းဘူး မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၄၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၇၉/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment