၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ရေမျက်နီ ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် နိုဝင်ဘာလ ၁၀ ရက်နေ့ ည (၁၂)နာရီခွဲအချိန်ခန့်တွင် ထီးလင်းမြို့နယ်၊ ပုလဲ-ဂန့်ဂေါကားလမ်း မိုင်တိုင်အမှတ် (၈၀/၄ နှင့် ၈၀/၅) အကြား ပုံညာတောင်အဆင်းတွင် ယာဉ်တိမ်းမှောက် ကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ၄င်းလမ်းအတိုင်း မြိုင်မြို့ဘက်မှ ဟားခါးမြို့ဘက်သို့ ပခုက္ကူခရိုင်၊ မြိုင်မြို့၊ အမှတ်(၁) ရပ်ကွက်နေသူ ယာဉ်မောင်း ယဉ်အောင် (၃၃)နှစ် မောင်းနှင်သော SKET အပြာရောင် (၆)ဘီး မြေသယ်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်း၏၀ဲဘက် တောင်ကမ်းပါးနံရံတွင် ကပ်လျှက် တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ (၁၁)ဦးအနက် မြိုင်မြို့၊ အမှတ်(၁) ရပ်ကွက်နေသူ ကိုဝင်းလှိုင် (၃၈)နှစ်နှင့် မြိုင်မြို့၊ အမှတ်(၃)ရပ်ကွက်နေသူ ကိုအောင်လှိုင် (၄၇)နှစ် တို့ (၂)ဦးမှာ ဒဏ်ရာများရရှိကာ နေရာတွင် သေဆုံးသွားခဲ့ပြီး မြိုင်မြို့နယ်၊ ဆူးလီပန်းရွာနေသူ ကိုဇော် (၃၅)နှစ် ပါ(၆)ဦးမှာ မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ယဉ်အောင်အား ထီးလင်းမြို့နယ်၊ ဆေးမင်းတောနယ်မြေရဲစခန်း ယာဉ်(ပ)၁၀/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ အရအမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment