Thursday, November 12, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့၊ ရေစကြိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အမှတ်(၇) ရပ်ကွက်တွင် တရားမဝင်နှစ်လုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ရေစကြိုမြို့နယ် ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ်(၂၅/၂ဝ၁၅)ဖြင့်သက်သေ များနှင့် အတူ ၁ဝ.၁၁.၂ဝ၁၅ ရက်နေ့ ၁၁ဝဝ အချိန်ခန့်တွင် ရေစကြိုမြို့၊ အမှတ်(၇) ရပ်ကွက်၊ ငါးရာပြည့် ရပ်နေ မပိုပိုဝင်း (၃၄)နှစ် ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသည့် စာရွက် စာတမ်း များနှင့် လောင်းကြေးငွေ ၁,၆ဝဝိ/- တို့နှင့်အတူ တွေ့ရှိ သိမ်းဆည်း ရမိခဲ့သဖြင့် နှစ်လုံး ထီလောင်း ကစားပြုလုပ်သူ မပိုပိုဝင်းအား ရေစကြိုမြို့နယ်၊ မြို့မရဲစခန်း (ပ)၂၂၇/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။ 



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video