Thursday, November 12, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၊ ဂန့်ဂေါမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေ များနှင့် အတူ လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် ၁ဝ.၁၁.၂ဝ၁၅ ရက်နေ့ နေ့လည် (၁း၄၀) အချိန်ခန့် တွင် မြောက်ကုန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်တွင် ဆိုင်ကယ်တစ်စီးအား မသင်္ကာဖွယ် လူတစ်ဦးမှ စီးနင်း လာသည်ကိုတွေ့ရှိ၍ ရပ်တန့်စစ်ဆေးရန်တားဆီးစဉ် ၎င်းမှာ ဗိုလ်ချုပ်ကားလမ်း ဘေးရှိ ပြည်သူ့ဆေးရုံဝန်း အတွင်းသို့ စီးနင်းမောင်းနှင်သွားသဖြင့် လိုက်လံရပ်တန့်စစ်ဆေးရာ မကွေး မြို့နယ်၊ မကျည်းကန် ရွာနေ ကျော်ကျော်လတ်(ခ)လပြည့်၊ ၃၃နှစ်ဖြစ်ကြောင်းသိရှိရပြီး ၎င်းမောင်းနှင် လာသည့် နံပါတ်ပြား တပ်ဆင်ထားခြင်းမရှိသည့် LANJIR 110 ပန်းဆီရောင်ဆိုင်ကယ်နှင့် ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထားများအား ယုံကြည်အောင်ပြောဆိုနိုင်ခြင်း မရှိသဖြင့် ကျော်ကျော်လတ်(ခ)လပြည့်အား ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါ မြို့မရဲစခန်း (ပ)၁ဝ၇/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။ 


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video