၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများ နှင့်အတူ ခိုး၊ ဆိုး၊ နှိုက်သတင်းစုံစမ်းနေစဉ် Handset များ လိုက်လံရောင်းချနေကြောင်း သတင်းအရ မကွေးမြို့၊ မြို့ဟောင်းရပ်ကွက်နေ အာကာဖြိုး (ခ)စာကလေး၊ ၁၈နှစ်အား မြို့ဟောင်းရပ်ကွက်၊ ဘုရားလမ်းပေါ်ရှိ ''မြသော်တာ'' လက်ဖက်ရည်ဆိုင်ရှေ့လမ်းမပေါ်တွင် ၁ဝ.၁၁.၂ဝ၁၅ ရက်နေ့ ညနေ (၄) နာရီခွဲ အချိန် တွေ့ရှိစစ်ဆေးရာ ၎င်းထံမှ Attila အဖြူရောင် Handset (၁)လုံးတွေ့ရှိရပြီး ပိုင်ဆိုင်ကြောင်း အထောက်အထားခိုင်လုံစွာ ပြသနိုင်ခြင်းမရှိသဖြင့် နေအိမ်အဆောက်အဦတစ်ခုခုမှ ခိုးယူလာသည်ဟု မသင်္ကာသူ အာကာဖြိုး (ခ)စာကလေးအား မကွေးမြို့နယ်၊ မကွေးမြို့မရဲစခန်း (ပ)၄၁၈/၂ဝ၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၈ဝ/ကျင့် ၅၄ အရအမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment