Monday, November 16, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် 
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် မင်းရွာရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် ဂန့်ဂေါမြို့နယ်၊ မင်းရွာကျေးရွာ၏ အနောက်တောင်ဘက် (၇)မိုင်ခန့်အကွာ မြစ်သာဆည် စီမံကိန်းနယ်မြေအတွင်းရှိ ဈေးတန်းတွင် တရားမ၀င် ချဲထီ လောင်းကစား နေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ရှာဖွေရာ ဒေါ်အေးအေးငြိမ်း၏ ထမင်းဆိုင်အတွင်း ထိုင်နေသည့် ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာ နေသူ မတင်တင်မူ (၄၀)နှစ် ကိုင်ဆောင်ထားသော အနီရောင် လက်ဆွဲ ပိုက်ဆံအိတ် အတွင်းမှ ချဲထီ လောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများနှင့် ငွေစက္ကူရော ၇၅၀၀ိ/- တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိသဖြင့် တရားမ၀င် ချဲထီလောင်းကစားပြုလုပ်သူ မတင်တင်မူ အား ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၀၈/ ၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video