Tuesday, November 17, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၊ အုန်းတော(၂)ရပ်ကွက်၊ စက်မှုလယ်ယာ လမ်း တွင် ၁၆.၁၁.၂ဝ၁၅ ရက်နေ့ နံနက် (၆) နာရီခွဲအချိန် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ တောင်တွင်း ကြီး မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်အရပ်သို့ သွားရောက်စစ်ဆေးခဲ့ရာ ရွှေအိုး(၁) ရပ်ကွက်နေ ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ဟိန်းကိုဦး(၂၂)နှစ်၏ ၄င်းပိုင်အရှေ့မှ အနောက်သို့ဆောက်လုပ် ထားသော ဝါးကြမ်းခင်း၊ သက္ကယ်မိုး၊ ဝါးခြမ်းကာ (၇)ပေပတ် လည်(၂) ခန်းတွဲ(အခန်းငယ်(၆)ခန်းပါ) ကြက်မွေးမြူရေးအဆောက်အဦတွင် ကြက်ပေါက်များအား လျှပ်စစ်မီး အပူပေးရာမှ အပူလွန်ကဲ၍ လျှပ်စစ် ဝါယာရှော့ဖြစ်ပြီး(၆)ခန်းတွဲ၏ အရှေ့ဘက်ထိပ်(၂)ခန်းတွဲ၌ မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် နေပြည်သူများမှ မီးသတ်ယာဉ်(၂)စီးဖြင့် ဝိုင်းဝန်းမီးငြိမ်း သတ်ခဲ့ရာ နံနက် (၆း၃၂) အချိန်တွင် မီးငြိမ်း သွားခဲ့ပြီး မီးလောင်မှုကြောင့် သက္ကယ်(၁ဝ)ပျစ်ခန့်၊ ဝါးကြမ်း ခင်း (၅)ပေပတ်လည်ခန့်၊ (၃)ရက်သား ကြက်ပေါက်(၇ဝဝ)ကောင်၊ စုစုပေါင်းဆုံးရှုံးမှုတန်ဘိုး(၃၅၃,ဝဝဝိ/-) ခန့် ဆုံးရှုံးခဲ့သဖြင့် မီးပေါ့ဆစွာ သုံးစွဲသူ ဟိန်းကိုဦးအား တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း(ပ) ၄၄၁/၂ဝ၁၅ ၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video