Tuesday, November 17, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊သရက်မြို့၊ မြို့မဈေးအတွင်း တရားမဝင် နှစ်လုံးထီ/သုံးလုံးထီ လောင်း ကစားပြုလုပ်နေကြောင်းသတင်းအရ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သရက်မြို့နယ်ရဲတပ်ဖွဲ့မှူး ၏ လောင်းကစားဖမ်းဝရမ်းအမှတ် (၂၅/၂ဝ၁၅)ဖြင့် သက်သေများနှင့်အတူ ၁၆.၁၁.၂ဝ၁၅ ရက်နေ့ နံနက် (၁၀) နာရီခွဲအချိန် မြို့မဈေးအတွင်းဝင်ရောက်၍ ဆန်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ သရက်မြို့ ၊ ပြည်တော်အေးရပ်ကွက်နေ ဦးစန်းနိုင် (၄၄)နှစ်၏ဈေးဆိုင်ခန်းအတွင်းရှိ ဆန်အိတ်များအကြားတွင် ဝှက် သိမ်း ထားသော လက်ဆွဲခြင်းအတွင်းမှ နှစ်လုံး/ချဲထီလောင်းကစား ရာတွင်အသုံးပြုသော စာရွက်စာတမ်း များနှင့် လောင်းကြေးငွေ စက္ကူရောရာ-၂ဝ၇,၅ဝဝိ/-အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် တရားမဝင် ချဲထီလောင်းကစားပြုလုပ်သူ ဦးစန်းနိုင်အား သရက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၂၅၄/၂ဝ၁၅ ၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။ 



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video