Tuesday, November 17, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများ နှင့်အတူ ၁၆.၁၁.၂ဝ၁၅ ရက်နေ့ ညနေ (၅)နာရီအချိန် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက် နေစဉ် တောင်မင်း တည်း ရပ်ကွက်၊ သိမ်ကြီးလမ်းအရောက်တွင် မသင်္ကာဖွယ် လူ (၅)ဦး အား တွေ့ရှိရ၍ စစ်မေးရာ ၎င်း ရပ်ကွက်နေသူများဖြစ်သည့် တင်ထွန်းအောင်(၁၈)နှစ်၊ ဇေယျာ ထွန်း(၁၆)နှစ်၊ အောင်ကို(၁၅)နှစ် ၊ နောင်နောင်(ခ) ဘောကြီး၊ ၁၅နှစ်နှင့် အောင်မျိုးဇင် (၁၄)နှစ် တို့ဖြစ်ကြောင်းသိရှိရပြီး ၄င်းတို့အား ရှာဖွေစစ်ဆေးရာ BOSS STYLE အမျိုးအစား အသားရောင် ဖုန်း(၁)လုံး၊ တန်ဘိုး-၈၇,ဝဝဝိ/-၊ HUAWEI အမျိုးအစားအနက်ရောင်ဖုန်း (၁)လုံး၊တန်ဘိုး ၃ဝ,ဝဝဝိ/-နှင့် ငွေစက္ကူရောရာ ၇၅,ဝဝဝိ/-တို့အား တွေ့ရှိရပြီး ၄င်းပစ္စည်းများနှင့်ပတ်သက်၍ ခိုင်လုံသော အထောက်အထား တစ်စုံတစ်ရာ ပြောဆိုနိုင်ခြင်းမရှိသဖြင့် တင်ထွန်းအောင်ပါ(၅)ဦး အား သရက် မြို့နယ်၊ မြို့မရဲစခန်း (ပ)၂၅၅/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ/ ကျင့် ၅၄ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။ 



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video