၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကန်ပြား ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် နိုဝင်ဘာလ ၁၇ ရက်နေ့ ည (၆)နာရီအချိန်ခန့် စလင်း-စေတုတ္တရာသွား ကားလမ်း မိုင်တိုင်အမှတ် ၁၈/၀ နှင့် ၁၈/၁ အကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ၄င်းလမ်းအတိုင်း စလင်းဘက်မှ စေတုတ္တရာဘက်သို့ စေတုတ္တရာမြို့နယ်၊ အလယ်ဟန်ဒေါက် ကျေးရွာနေသူ ၀င်းနိုင် (၂၉)နှစ် မောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ ဇော်လင်း (၃၂)နှစ် လိုက်ပါ လာသည့် ရမ်ဘို ဝေ့ဖ်-၁၂၅ အနက်ရောင် ဆိုင်ကယ် နှင့် စေတုတ္တရာဘက်မှ စလင်းမြို့ ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်နေသူ ယာဉ်မောင်း သန်းထိုက် (၂၈)နှစ် မောင်းနှင်လာသော 6E/xxxx ကန်တာ အဖြူရောင် ယာဉ်တို့သည် လမ်းအလယ်တွင် ပွတ်တိုက်မိရာမှ ၀င်းနိုင်နှင့် ဇော်လင်း တို့တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မဆင် မခြင်မောင်းနှင်သူ သန်းထိုက်နှင့် ၀င်းနိုင်တို့အား စလင်း မြို့နယ်၊ လင်းဇင်းနယ်မြေရဲစခန်း ယာဉ်(ပ) ၈/၂၀၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment