၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ သစ်ရာကောက် ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် နိုဝင်ဘာလ ၁၇ ရက်နေ့ ည (၇)နာရီအချိန်ခန့်တွင် မကွေး-တောင်တွင်းကြီး ကားလမ်းနှင့် ကိုးပင် လမ်းဆုံအနီး မိုင်တိုင်အမှတ် (၃၀၀/၄)အနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေ များ နှင့်အတူ သွားရောက်စစ်ဆေးရာ အဆိုပါလမ်းအတိုင်း မကွေးဘက်မှ တောင်တွင်းကြီး ဘက်သို့ မကွေးမြို့နယ်၊ ၀က်လူးစမ်းကျေးရွာနေသူ ကိုကျော်ဌေး (၃၈)နှစ် မောင်းနှင်ပြီး နောက်မှ ဇနီးဖြစ်သူ မသန္တာလင်း (၃၈)နှစ် လိုက်ပါလာသည့် ၃၃ယ/xxxxxx ကန်ဘို-၁၁၀ အစိမ်းရောင် ဆိုင်ကယ်အား မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် နေသူ ယာဉ်မောင်း ဘီစနူး (၂၃)နှစ် မောင်းနှင်သည့် 7D/xxxx ပရိုဘောက် မော်တော်ယာဉ်မှ အရှိန်မထိန်း နိုင်ဘဲ နောက်မှ ၀င်ရောက် တိုက်မိရာ ကိုကျော်ဌေး နှင့် မသန္တာလင်း တို့တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ဘီစနူးအား မကွေးမြို့နယ်၊ မိကျောင်းရဲနယ်မြေရဲစခန်း ယာဉ်(ပ) ၂၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment