၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်
နိုဝင်ဘာလ ၁၇ ရက်နေ့ နေ့လည် (၁)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဆင်စိန် ကျေးရွာအုပ်စု၊ ဆင်စိန်ကျေးရွာနေ မင်းအောင် (၃၃)နှစ်၏ (၄x၃)ပင် ထန်းရွက်မိုး၊ ထန်းရွက် ကာ၊ မြေစိုက်တဲရှိ မီးဖိုမီးကြွင်း မီးကျန်မှ မီးစတင်လောင်ကျွမ်းခဲ့ရာ ၄င်းအိမ်နှင့် ကပ်လျက် ဒေါ်လှရွှေ၏ (၃x၂)ပင် ထန်းရွက်မိုး၊ ၀ါးထရံကာ၊ မြေစိုက် တဲအိမ် တစ်လုံး တို့အား မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း သတင်းအရ မီးလောင်ရာသို့ ဗဟင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် (၃)ဦး၊ ကျေးရွာအရန်မီးသတ် ဦးသိန်းဘို ပါ(၅)ဦးနှင့် ကျေးရွာသူ/သား (၃၀)ဦးခန့်တို့မှ ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရာ နေ့လည် (၂)နာရီ အချိန် မီးလုံးဝငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် နေအိမ် (၂)လုံး (တန်ဘိုး ၁၅၀၀၀၀ိ/-ခန့်) ဆုံးရှုံးခဲ့သဖြင့် မီးပေါ့ဆစွာ အသုံးပြုသူ မင်းအောင် အား ဥပဒေအရ အရေးယူပေးပါရန် ကျေးရွာအရန် မီးသတ် ခေါင်းဆောင် ဦးသိန်းဘို (၅၆)နှစ်မှ တရားလို ပြုလုပ် တိုင်တန်းသဖြင့် ဗဟင်းနယ်မြေရဲစခန်း (ပ)၉၀/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment