Wednesday, November 18, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ တောင်တွင်းကြီးမြို့မရဲစခန်း မှ ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၇ ရက်နေ့ နေ့လည် (၁)နာရီခွဲအချိန်ခန့်တွင် တောင်တွင်းကြီး မြို့နယ်၊ ဘိုကုန်းကျေးရွာတွင် လူတစ်ဦးဓါတ်လိုက် သေဆုံးကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ တောင်းတွင်းကြီးမြို့နယ်၊ ညောင်ပင်လှ ကျေးရွာ နေသူ လက်သမား ကိုစန်းဝင်း (၃၈)နှစ် ဖြစ်ပြီး ၎င်းသည် ဘိုကုန်းကျေးရွာရှိ ဦးစိန်ထွန်းမောင် ၏ နေအိမ်တွင် ပြတင်းပေါက်တံခါးများ တပ်ဆင်ရန် လျှပ်စစ်ရေပေါ် ထိုးပြီးနောက် မီးပလပ်ခေါင်းအား ဆွဲဖြုတ်စဉ် ဓါတ်လိုက်လဲကျ၍ မူးမေ့သွားသဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပြီး သေဆုံးသူ ကိုစန်းဝင်း၏ ခန္ဓာကိုယ်အား စစ်ဆေးရာ ၀ဲဘက် လက်ညှိုးနှင့် ရင်ဘတ်အလယ် တည့်တည့်တွင် ညိုမဲပေါက်ပြဲ ဒဏ်ရာတို့အား တွေ့ရှိရသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် တောင်တွင်းကြီးမြို့နယ်၊ တောင်တွင်းကြီးမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁၄/၂၀၁၅ ဖြင့် ရေးဖွင့်ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video