Friday, November 20, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက် 
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ အမှတ်(၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲတပ်ဖွဲ့ဝင် များသည် နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ (၄)နာရီအချိန်ခန့် မကွေးမြို့၊ မြသလွန်ဘုရား အတက်လမ်းတွင် သုံးဘီးဆိုင်ကယ်တစ်စီး တိမ်းမှောက်ကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ ဘုရားလမ်းအတိုင်း မြို့တွင်းဘက်မှ မြသလွန်ဘုရားဘက်သို့ မကွေးမြို့၊ ရန်နိုင်ရပ်ကွက် နေသူ ယာဉ်မောင်း ပိုက်ထွေး (၃၈) နှစ် မောင်းနှင်ပြီး ခရီးသည်(၆)ဦးလိုက်ပါ လာသော ဟ/xxxx ပြိုင်မြင်း အမျိုးအစား အပြာရောင် သုံးဘီး ဆိုင်ကယ်သည် စိန်ပန်းရစ် ဘုန်းတော်ကြီးကျောင်း အကျော် မြသလွန် ဘုရား အတက်လမ်း တံတားပေါင်းကူးအနီး အရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက် ပလက်ဖောင်း အား ၀င်ရောက်တိုက်မိပြီး ချောက်အတွင်းသို့ ထိုးကျခဲ့ရာ သုံးဘီးယာဉ်မောင်း ပိုက်ထွေး မှာ ရရှိသောဒဏ်ရာ များဖြင့် အခင်းဖြစ်နေရာ တွင် သေဆုံးသွားခဲ့ပြီး သုံးဘီးယာဉ်ပေါ် လိုက်ပါလာသော မကွေးမြို့၊ မြင်သာ ရပ်ကွက် နေသူ မအေးသူဇာ (၁၄) နှစ် အပါအ၀င် ကျား(၃)ဦး၊ မ(၃)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိ ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သုံးဘီး ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ ပိုက်ထွေးအား မကွေး မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၄၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video