Friday, November 20, 2015

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် နိုဝင်ဘာလ ၁၉ ရက်နေ့ ည (၆)နာရီခွဲအချိန်ခန့် ဆိပ်ဖြူမြို့နယ်၊ သံချောင်းကျေးရွာ အနီး ပုသိမ်-မုံရွာ ကားလမ်း မိုင်တိုင်အမှတ် (၃၄၄/၂)နှင့် (၃၄၄/၃) အကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်းသိရသည်။
 ဖြစ်စဉ်မှာ ၄င်းလမ်းအတိုင်း သံချောင်းကျေးရွာ ဘက်မှ ကော်တုံကျေးရွာဘက်သို့ ယာဉ်ရှေ့မီးပါပဲ ဓါတ်မီးထိုး၍ မောင်းနှင်လာသော သံချောင်း ကျေးရွာနေသူ ယာဉ်မောင်း သန်းကျော်ဦး (ခ) သန်းကိုဦး (၁၆)နှစ် မောင်းနှင်သော ၉ဌ/xxxx ထော်လာဂျီ (ဂျင်းဒေါင်း) အစိမ်းရောင် ယာဉ်နှင့် ၄င်းလမ်း အတိုင်း ကော်တုံကျေးရွာ ဘက်မှ သံချောင်းကျေးရွာ ဘက်သို့ ဆိုင်ကယ်မီး မဖွင့်ဘဲ မောင်းနှင် လာသော ကော်တုံကျေးရွာနေ ၀င်းသူဟန် (၁၅)နှစ် မောင်းနှင်ပြီး နောက်တွင် တစ်ရွာ တည်းနေ မြတ်ထက်ကို (၁၈)နှစ် နှင့် ကျော်ဆန်းဝင်း (၁၇)နှစ်တို့ ထိုင်စီးလိုက်ပါသော ၂၇ယ/xxxxxx ရင်ဇင်း ၁၁၀ အနက်ရောင် ဆိုင်ကယ်တို့ လမ်းအလယ်တွင် မျက်နှာချင်းဆိုင် ပွတ်တိုက်မိပြီး ဆိုင်ကယ် မောင်းသူ ၀င်းသူဟန်မှာ ရရှိသော ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ တွင် သေဆုံးသွား ခဲ့ပြီး မြတ်ထက်ကိုနှင့် ကျော်ဆန်းဝင်း တို့တွင် အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မဆင် မခြင် မောင်းနှင်သူ သန်းကျော်ဦး(ခ) သန်းကိုဦးနှင့် ၀င်းသူဟန် တို့ (၂)ဦးအား ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမ နယ်မြေ ရဲစခန်း ယာဉ်(ပ) ၁၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video