Friday, November 28, 2014

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ ည (၁၁း ၄၅) အချိန်ခန့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေး မြို့နယ်၊ မကွေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ညဥ့်ဦးလှည့်ကင်း တာဝန်ဆောင် ရွက်နေစဉ် မကွေးမြို့၊ စိုးကောမင်းရပ်ကွက်၊ ရွှေနိုင်ငံလမ်းကြားတွင် လူငယ်များ အုပ်စုဖွဲ့ ဂစ်တာ တီးပြီး အော်ဟစ်သီချင်းဆိုနေကြောင်းသတင်းအရ မကွေးခရိုင်လုံခြုံရေးတပ်ခွဲမှ ရပ်ကင်းတာဝန်ကျ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ သွားရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

မကွေးမြို့၊ စိုးကောမင်းရပ်ကွက်၊ ရွှေနိုင်ငံလမ်းကြားတွင် အုပ်စုဖွဲ့ဂစ်တာတီးပြီး အော်ဟစ်သီချင်း ဆိုနေ သည့် ကန်သာရပ်ကွက်၊ မေတ္တာလမ်းနေ လူငယ် ၈ ဦးအား တွေ့ရှိရသဖြင့် မကွေးမြို့မ ရဲစခန်း သို့ ခေါ်ဆောင်ခဲ့ပြီး ၎င်းတို့အား ပတ်ဝန်းကျင်အား အနှောင့်အယှက်ဖြစ်စေမည့် ညဥ့်အချိန် အုပ်စုဖွဲ့ ဂစ်တာတီးပြီး အော်ဟစ်သီချင်းဆိုခြင်းအား နောက်နောင်မပြုလုပ်ရန် ပြောဆိုဆုံးမ၍ ခံဝန်လက်မှတ် များ ရေးထိုးစေပြီး ရပ်ကွက်တာဝန်ရှိသူများထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video