၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ နေ့လည် (၁၂း ၁၅) အချိန်ခန့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင်၊ ပခုက္ကူမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ အမှတ် (၁၀)ရပ်ကွက်ရှိ ၀ိသုတာလမ်းနှင့် ကျောင်းတော်ရာလမ်းဆုံတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်အား စစ်ဆေးရာ ပခုက္ကူမြို့၊ အမှတ် (၁၃) ရပ်ကွက်နေ ကောင်းမြတ်သူ (၁၆) နှစ် သည် ယာဉ်အမှတ် ၃၁ယ/xxxx KENBO-၁၁၀ အစိမ်းရောင်ဆိုင်ကယ်ဖြင့် နေအိမ်မှမြို့တွင်းသို့ ၀ိသုတာ လမ်းအတိုင်းမောင်းနှင်လာစဉ် ကျောင်းတော်ရာလမ်းအတိုင်း အမှတ် (၅) ရပ်ကွက်နေ မဆောင်း ချယ်ရီ (၁၈) နှစ်သည် နောက်မှ အမှတ် (၁၂) ရပ်ကွက်နေ ဦးသန်းနိုင် (၅၀) နှစ်အား တင်ဆောင် မောင်းနှင် လာသည့် HIBO ၁၂၅ အနက်ရောင်ဆိုင်ကယ် တို့ လမ်းဆုံတွင် တိုက်မိခဲ့ကြသဖြင့် မဆောင်းချယ်ရီ နှင့် ဦးသန်းနိုင်တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ ကောင်းမြတ်သူ (၁၆)နှစ် နှင့် မဆောင်းချယ်ရီ (၁၈)နှစ် တို့အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း ယာဉ် (ပ) ၁၀၃/ ၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment