မကွေး နိုဝင်ဘာ
၂၈
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့်
မကွေးတိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီနှင့် Htet Media
& Entertainment Co.,Ltd တို့ ပူးပေါင်းပြုလုပ်သည့်
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာနှီးနှောဖလှယ်ပွဲကို ယနေ့နံနက်(၈း၃၀)အချိန်က
မကွေးမြို့ မြို့တော်ခန်းမတွင်ပြုလုပ်သည်။ အခမ်းအနားမုဒ်ဦးအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့
လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင်၊ မကွေးတိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူး၊ Htet Media &
Entertainment Co.,Ltd မှ ဒေါ်သိင်္ဂီဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ
ဥက္ကဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင်က ယာဉ်စည်းကမ်း၊
လမ်းစည်းကမ်း ဆိုင်ရာ အသိပညာနှီးနှောဖလှယ်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။
ယာဉ်စည်းကမ်းလမ်းစည်းကမ်း များနှင့်ပတ်သက်သည့် အသိပညာပေး DVD အခွေများနှင့် တေးသရုပ်ဖော်အစီအစဉ်များအား
Htet Media Group မှ နိုင်ငံကျော်အနုပညာရှင်များနှင့် တင်ဆက်ပါသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီးယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ
ဥက္ကဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီးနှင့် Htet Media Group မှတာဝန်ရှိသူများက
အမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။
ဆက်လက်၍ လူတိုင်းသိထားသည့် ယာဉ်စည်းကမ်းစည်းကမ်းဆိုင်ရာများအကြောင်းအား ပညာရှင် တစ်ဦးက စတင်ဆွေးနွေးပြီး တက်ရောက်လာသူများက
ပြန်လည်ဆွေးနွေးခြင်းများပြုလုပ်သည်။ ယင်းနောက် ဖျော်ဖြေရေးအစီစဉ်များဖြင့်တင်ဆက်ပြီး
ယာဉ်စည်းကမ်းလမ်းစည်းကမ်းများအကြောင်း အများပြည်သူများ၏ အမြင်သဘောထားများအား ``ခြစ်ပေးပါ``စာစောင်များဖြင့်
စစ်တမ်းကောက်ယူခြင်းများဆောင်ရွက်ပါသည်။ ဖျော်ဖြေရေးအစီအစဉ်များအား
နိုင်ငံကျော်အဆိုတော်များကဆောင်ရွက်ပြီး ပြန်လည်ဆွေးနွေးခြင်းအစီအစဉ် များ ပါဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တက္ကသိုလ်ပေါင်းစုံနယ်မြေဖြစ်သည့် မကွေးမြို့တွင်
ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာနှီးနှောဖလှယ်ပွဲများဆောင်ရွက်နေခြင်းများနှင့်အတူ
အများပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေ ရေးအတွက် မကွေးတိုင်းဒေသကြီး ယာဉ်စည်းကမ်း
ထိန်းသိမ်းရေးကြီးကြပ် မှုကော်မတီ က နေ့စဉ် စည်းကမ်းတကျစီးနင်းစေရေးအတွက် လူအများစည်ကားရာနေရာများတွင်
စစ်ဆေးခြင်း၊ ပညာပေးခြင်း လုပ်ငန်းများဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
0 comments:
Post a Comment