Friday, November 28, 2014

ဂန့်ဂေါ နိုဝင်ဘာ ၂၇
    သောက်သုံးရေအတွက် ဝေးလံစွာသယ်ယူရသည့် ဂန့်ဂေါမြို့နယ် အိမ်သစ်ကျေးရွာတွင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၁၇ ဒသမ ၅ သန်းဖြင့် စက်ရေတွင်း တူးဖော်လျှက်ရှိသည်။
    အဆိုပါလုပ်ငန်းသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြုကော်မတီဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်လွင် တို့သည် နိုဝင်ဘာ ၂၆ ရက်က လုပ်ငန်းဆောင်ရွက်မှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
    စက်ရေတွင်းတူးဖော်မှုလုပ်ငန်းပြီးစီးသည့်အခါ ကျေးရွာနေအိမ်ခြေ ၇၀ ကျော်ရှိ လူဦးရေ ၄၇၀ ကျော် တို့ သောက်သုံးရေအဆင်ပြေစွာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video