၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် (၀၀း ၃၀) အချိန်ခန့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်းမှ ရဲအုပ် မင်းညိုနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေး ၀မ်းကြောင်းပြုသူဟု ကျော်ဇောသတင်းရှိသူ အမျိုးသမီး (၂) ဦးအား ဖမ်းဆီးအရေးယူခဲ့ကြောင်း သတင်းရရှိ ပါသည်။
မကွေးနယ်မြေရဲစခန်းမှ ရဲအုပ် မင်းညိုနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မြို့ပေါ် ရပ်ကွက်များ အတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် မကွေးမြို့၊ ရန်မျိုးအောင်ရပ်၊ ပြည်တော် သာလမ်း၊ သဘာဝ လက်ဘက်ရည်ဆိုင်အနီးတွင် ရောက်ရှိနေသော ကားကြီးကွင်းတစ်ဝိုက်တွင် ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသူဟု ကျော်ဇောသတင်းရှိသူ အောင်မေတ္တာ ရပ်ကွက်နေ မသင်းလဲ့ဆွေ (၃၁)နှစ် နှင့် မြင်သာရပ်နေ မဇာဇာမင်း (၃၀)နှစ်တို့ (၂) ဦးအား တွေ့ရှိ၍ စစ်ဆေးခဲ့ရာ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်ရန်အတွက် ရောက်ရှိနေကြောင်း စစ်ဆေး တွေ့ရှိရ သဖြင့် မသင်းလဲ့ဆွေအား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၃၀၀/၂၀၁၄၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေပုဒ်မ ၇ (၁)(က) အရ လည်းကောင်း၊ မဇာဇာမင်းအား မကွေးနယ်မြေရဲစခန်း (ပ) ၃၀၁/၂၀၁၄၊ ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေပုဒ်မ ၇ (၁)(က) အရ လည်းကောင်း အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။
0 comments:
Post a Comment