Friday, November 28, 2014

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ (၆း ၂၀)အချိန်ခန့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ၊ အောင်လံမြို့၊ သရက်တောရပ်ကွက်နေ ဦးဝင်းလှိုင်ထံသို့ ဇေယျဝတီရပ်ကွက်နေ သန်းစိုးအောင် (၅၂) နှစ်မှ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အသံချဲ့စက်(၁)လုံးအား လာရောက် ရောင်းချ၍ ငွေ ၉၀၀၀၀ိ/- ဖြင့် ၀ယ်ယူထိန်းသိမ်းထားကြောင်း အကြောင်းကြားလာသဖြင့် သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

အဆိုပါအသံချဲ့စက်နှင့်ပတ်သက်၍ သန်းစိုးအောင် (၅၂)နှစ်အား မေးမြန်းရာ ၄င်းပိုင်ဆိုင်ကြောင်း ခိုင်လုံသောအထောက်အထား တစ်စုံတစ်ရာပြောပြနိုင်ခြင်းမရှိသဖြင့် တစ်နေရာမှ ခိုးယူလာသည်ဟု မသင်္ကာသဖြင့် သန်းစိုးအောင်အား အောင်လံမြို့နယ်၊ မြို့မရဲစခန်း(ပ)၁၂၅/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၈၀/ကျင့်၅၄ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video