Friday, November 28, 2014

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ (၃း ၁၅) အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်းမှူး ရဲအုပ် မင်းညိုနှင့်တပ်ဖွဲ့ဝင်များသည် သက်သေများ နှင့်အတူ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် (၂၂/၂၀၁၄) ဖြင့် သတင်းအရ အောင်စေတနာ (အေ) ရပ်ကွက်နေ ဒေါ်ကြည်ကြည်ဌေး (၅၅) နှစ် ၏နေအိမ်အား ၀င်ရောက်ရှာဖွေ ခဲ့ကြောင်း သတင်းရရှိပါသည်။

 ဒေါ်ကြည်ကြည်ဌေး (၅၅) နှစ်၏ နေအိမ်နောက်ဖေး အဖီတဲအောက်တွင်ထားသည့် စားပွဲဝိုင်း အနီးတွင် ဒေါ်ကြည်ကြည်ဌေး၏ သမီးဖြစ်သူ မတင်နီလာဝင်း(ခ)နီနီ (၂၈) နှစ် မှ နှစ်လုံးထီ ရောင်း ချ နေပြီး အောင်စေတနာ (ဘီ) အုပ်စု၊ ၄ လမ်းနေ ဒေါ်ဆယ်တင်(၃၁) နှစ်မှ နှစ်လုံးထီ လာရောက် ထိုးနေ သည်ကိုတွေ့ရှိရ၍ မတင်နီလာဝင်းထံမှ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသောစာရွက် စာတမ်း များနှင့် လောင်းကြေးငွေစက္ကူရောရာ ၆၅၀၀ိ/- ၊ ဒေါ်ဆယ်တင်ထံမှ လောင်းကြေးငွေ စက္ကူရောရာ ၇၆၀၀ိ/-တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး လောင်းကစားဒိုင်အဖြစ်ပြုလုပ်သူ ဒေါ်ကြည်ကြည်ဌေး၊ မတင်နီလာဝင်း(ခ)နီနီ နှင့် နှစ်လုံးထီလောင်းကစားသူ ဒေါ်ဆယ်တင်တို့ ၃ ဦး အား မကွေးမြို့နယ်၊ မကွေး နယ်မြေရဲစခန်း (ပ)၂၉၉/၂၀၁၄၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video