Friday, November 28, 2014

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ နေ့လည် ၁ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ တပ်မလမ်းနှင့် ရွှေဘုံသာလမ်းဆုံ၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပခုက္ကူယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ အခင်းဖြစ်အရပ်သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ အမှတ် (၁၀) ရပ်ကွက်နေ သန်းထွန်းအောင် (၃၈) နှစ် မောင်းနှင်လာသော ယာဉ် အမှတ်၊ဌ/xxxx ၊ ထော်လာဂျီယာဉ်သည် ရွှေဘုံသာလမ်းနှင့် တပ်မလမ်းဆုံအရောက်တွင် မျက်နှာ ချင်းဆိုင်မှလာသော အမှတ် (၁၅) ရပ်ကွက်နေ မဆွေဆွေဝင်း (၁၄) နှစ် စီးနင်းလာသည့် PHONIX စာတန်းပါ အနက်ရောင်စက်ဘီး၏ ယာဉ်ကြောအတွင်းသို့ရောက်ရှိသွား၍ တိုက်မိရာ မဆွေဆွေဝင်း တွင် နှာခေါင်း/ပါးစပ်သွေးထွက်၊ ၀ဲပေါင်အရင်းပေါက်ပြဲဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံး သွားကြောင်း သိရှိရသည်။

ယာဉ်အားမဆင်မခြင်မောင်းနှင်သူ သန်းထွန်းအောင် (၃၈)နှစ်အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း ယာဉ် (ပ)၁၀၂/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။





0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video