၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ ရွာမွန်ကျေးရွာအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ နတ်မောက် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အခင်းဖြစ်အရပ်သို့ သွားရောက် စစ်ဆေး ခဲ့ ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်အားစစ်ဆေးရာ မန္တလေးတိုင်းဒေသကြီး၊ ၀မ်းတွင်းမြို့၊ ညီနောင်ကွက်သစ်ရပ်နေ ဦးစောဝင်း (၆၂)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် ၇က/xxx၊ အီဇူးဇူးစတေရှင်ဝက်ကွန်၊ ဖိုးဝှီး၊ အစိမ်း နံ့သာရောင် ယာဉ်သည် ကျောက်ပန်းတောင်း-ရွာမွန်လမ်းအတိုင်း မောင်းနှင်လာစဉ် ရွာမွန်ကျေးရွာ အနီး မိုင်တိုင်(၂/၃) အကြားအရောက်တွင် ယာဘက်ကားဘီးပေါက်၍ ယာဉ်မှာ လမ်း၏ ယာဘက် ဘေးသို့ရောက်ရှိသွားရာ (ရွာမွန်) အ.ထ.ကသို့ ကျောင်းတက်ရန် လမ်းလျှောက်သွားနေသည့် နတ်မောက်မြို့နယ် ၊ ကျောင်းရွာလေးကျေးရွာနေ မနီလာခင် (၁၂) နှစ်၊ မခိုင်နှင်းဝေ (၁၃) နှစ် နှင့် မတင်မိုးအေး (၁၂) နှစ် တို့အား ပွတ်တိုက်မိ၍ ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ဦးစောဝင်း (၆၂)နှစ်အား နတ်မောက်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၂၇/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment