Thursday, November 27, 2014

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်တွင် ကျောက်နသိုးဆည် (မန်းတမံ) ကို ( ၁၉၉၆-၉၇ )ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။ ကျောင်းကုန်းကျေးရွာ၊ မင်းလွင်ကျေးရွာ၊ အိုးမြေခုံကျေးရွာ၊ ဝင်္ဂဘာ ကျေးရွာတို့ ရေဝပ်ဧရိယာအတွင်းကျရောက်ခဲ့ပြီး အဆိုပါကျေးရွာနေပြည်သူများအား ငဖဲမြို့အဝင် လမ်းမကြီးဘေးရှိ ငဖဲမြို့မှ (၁) မိုင်ခန့်အကွာ ပေကုန်းကျေးရွာ၊ ကံလယ်ကျေးရွာများနှင့်ဆက်စပ်၍ ပဒါန်း-ငဖဲ လမ်းမကြီးဘေး ဝဲ/ယာတွင် စနစ်တကျ ရွေ့ပြောင်းနေရာချထားပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။ ထို့ပြင် ထိုရွှေ့ပြောင်းကျေးရွာများအတွက် ပြောင်းရွှေ့စရိတ် (၁၆၁၅၄၅၅၃)ကျပ် ထောက်ပံ့ပေးခဲ့ပြီး ရွှေ့ပြောင်းအိုးအိမ်၊ ကျွဲ၊ နွားများအား ယာဉ်များဖြင့် သယ်ပို့ပေးခြင်း၊ မြို့ပြအကွက်ချပုံစံအတိုင်း
( ၁၀၀ပေ x ၁၀၀ ပေ) ဝိုင်းကွက်ပေါင်း ( ၇၃၀ )ကွက်၊ လမ်း၊ ဆေးပေးခန်း၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ ဝင်္ဂဘာကျေးရွာတွင် ( ၂၀၀ ပေ x ၁၅၀ ပေ x ၈ ပေ )ရေကန် နှင့် ကျောင်းကုန်းကျေးရွာတွင် ( ၂၀၀ပေ x ၁၅၀ပေ x ၈ပေ )ရေကန်များလည်း တည်ဆောက်ပေးခဲ့ကြောင်း သိရှိရပါသည်။ ထို့ပြင် စိုက်ပျိုးရေ၊ သောက်သုံးရေအတွက်လည်း လက်ယာမြောင်းမကြီးရွာမှ မြောင်းလက်တံ၊ မင်းလွင် လက်တံများ တူးဖေါ်ပေးခဲ့ပြီး လက်ရှိရေပေးဝေပေးလျက်ရှိပါသည်။ ထို့ပြင် တောင်သူများအတွက် စိုက်ပျိုးမြေ ( ၃၈၆.၉၃ ) ဧကအား တောင်သူ (၃၅၃)ဦးကို ပေးဝေခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
  မန်းချောင်းရေလှောင်တမံသည် တိုက်ရိုက်ရေသောက်ဧရိယာ (၃၅၈၁)ဧက အပြင် အိုင်းမရေလွှဲဆည်၏ တောင်မန်းရေသောက်စိစစ်ဧက ( ၁၀၉၇၉ ) နှင့် မြောက်မန်းရေသောက် စိစစ်ဧက (၂၅၂၁၀) စုစုပေါင်း ရေသောက်ဧက (၃၉၇၇၀) အားနှစ်စဉ် မိုးစပါး၊ နွေစပါးအတွက် စိုက်ပျိုးရေပေးဝေလျက်ရှိပြီး စိုက်ပျိုးရေးတောင်သူများ၏ လူနေမှုဘဝကို မြှင့်တင်ပေးလျက်ရှိသော ဆည်ဖြစ်ကာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video