Friday, November 28, 2014

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ နေ့လည် (၁း ၃၅) အချိန်ခန့် မကွေးတိုင်းဒေသကြီး၊ ဂန်ဂေါ ခရိုင်၊ ထီးလင်းမြို့နယ်၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက်များအတွင်း သက်သေ များနှင့်အတူ လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် ထီးလင်းမြို့၊ အမှတ် (၁)ရပ်ကွက်၊ လမ်းမတော် လမ်းရှိ ငွေမြင့်မိုရ် စတိုးဆိုင်အနီးတွင် လူတစ်ဦးဓါးကိုင်ရမ်းကားနေကြောင်း သတင်းအရ သွားရောက် ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။ 

အမှတ် (၁)ရပ်ကွက်နေ အောင်မိုးခိုင် (၃၁)နှစ်သည် အရိုး ၆ လက်မခွဲ၊ အသွား ၁၇ လက်မခွဲ၊ ဗျက် ၁ လက်မခွဲခန့်ရှိ ဓါးရှည် (၁)ချောင်းအား ကိုင်ဆောင်ရမ်းကားနေသည်ကို စစ်ဆေး တွေ့ရှိရသဖြင့် ဓါးကိုင်ရမ်းကားသူ အောင်မိုးခိုင်အား ထီးလင်းမြို့နယ်၊ မြို့မရဲစခန်း(ပ) ၆၅/၂၀၁၄၊ လက်နက်အက် ဥပဒေ ပုဒ်မ ၁၉ (င) အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video